ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းပြောင်းလဲမှု (၄.၈.၂၀၂၀ မှ ၁၂.၈.၂၀၂၀)

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလအတွင်း တစ်တင်း လျှင်ကျပ် ၃၁၁၀၀ - ၃၁၂၀၀ ရှိပြီး ဈေးနှုန်းငြိမ်သက်လျှက်ရှိခဲ့သည်။ ယခုသီတင်းပတ် ကာလတွင် လည်း ဇူလိုင် ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ၃၁၁၀၀ - ၃၁၂၀၀ ကျပ်ဖြစ်ပြီး ဈေးနှုန်းအတက်အကျငြိမ်သက်ကာ အရောင်းအဝယ် လည်း အနည်းငယ်သာ ဖြစ်ခဲ့ သည်။ ဇူလိုင် ၁၁ ရက်နေ့တွင် မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ၃၁၆၀၀ - ၃၁၇၀၀၊ ဇူလိုင် ၁၂ ရက်နေ့တွင် ၃၂၁၀၀ - ၃၂၃၀၀ စသည်ဖြင့် ဈေးပြန်တက်လာပြီး နောက်ရက်များတွင် ၃၄၀၀၀ - ၃၅၀၀၀ ထိပြန်လည်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။

လက်ထဲတွင်မတ်ပဲလက်ကျန်ရှိသူများအနေဖြင့်လည်း  ယခင်ဈေး တစ်တင်းလျှင် ၃၄၀၀၀ - ၃၅၀၀၀ ကျပ်ဖြင့် ဝယ်ယူထားသူများအဖို့ ပြန်လည်ရောင်းချနိုင်ခြင်းမရှိသေးပဲ ဈေးဆက်လက်လာ မည့်အချိန်ကို စောင့်ဆိုင်းလျှက်ရှိသည်။ မတ်ပဲတင်သွင်းခွင့်ကို ဩဂုတ်လ ၃၁ အထိသာ သတ်မှတ် ထားလျှင် မတ်ပဲတန်ချိန် (၄) သိန်းအစား တန်ချိန်(၁) သိန်းခန့်သာတင်ပို့နိုင်မည်ဖြစ်ပြီး၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မတ်ပဲတင်ပို့ခွင့်ကာလကို ယခင်အတိုင်းပြန်လည် သတ်မှတ်ပေးရန် အိန္ဒိယနိုင်ငံအစိုးရကို တောင်းဆိုထားကြောင်းသိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန